ပုစွန်မွေးမြူရေး

ပုစွန်မွေးမြူရေး

Chongqing Yaohua Industrial Co, Ltd (“ Chongqing Yaohua”) ကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Chongqing မြို့တွင်တည်ရှိသော အိမ်ခြံမြေစီမံကိန်းများစွာကိုအောင်မြင်စွာ တည်ဆောက်ခဲ့သည်။ Chongqing မှစပြီး ကျွန်ုပ်တို့သည် တစ်နိုင်ငံလုံးကိုအကျိုးပြုလျက် နိုင်ငံတကာအဆင့်မီဖြစ်အောင် ဦးတည်လျက်ရှိပါသည်။ Chongqing Yaohua တွင် ခိုင်မာသောနည်းပညာပံ့ပိုးမှုနှင့် ကျွမ်းကျင်သောစီမံခန့်ခွဲမှုအဖွဲ့များရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများနှင့် အရင်းအနှီးများစွာရှိသည်။

Singapore Yaohua Group Pte Ltd (Singapore Yaohua) ကို Chongqing Yaohua မှ အပြည့်အဝပိုင်ဆိုင်တာဖြစ်ပြီး စင်ကာပူတွင်စတင်တည်ထောင်သည်။ Singapore Yaohua သည်မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင် တာဝန်ယူဆောက်လုပ်နေသောစီမံကိန်းများရှိသည်။ ၎င်းတို့မှာ မြိတ်မြို့ရှိ Sea View Condo စီမံကိန်း၊ ရန်ကုန်မြို့ရှိ လမ်းမတော်အိမ်ရာစီမံကိန်းနှင့် ဒဂုံဂေါက်ကွင်းအိမ်ရာစီမံကိန်းတို့ဖြစ်ကြသည်။

မြိတ်ကျွန်းများသည် အင်ဒိုချိုင်းနားကျွန်းဆွယ်ကမ်းရိုးတန်းတွင် အကြီးဆုံးကျွန်းအုပ်စုဖြစ်ပြီး ကပ္ပလီပင်လယ်၏ အဓိကဆိပ်ကမ်းအချက်အချာလည်းဖြစ်သည်။ မြိတ်သည် မြန်မာနိုင်ငံအတွက် နှစ်စဉ်ရေထွက်ပစ္စည်းကုန်သွယ်မှုပမာဏ ၇၅ ရာခိုင်နှုန်းကို ကုန်သွယ်ပေးလျက်ရှိသည်။ မြိတ်၏အဏ္ဏဝါရာသီဥတုမှာ ပူပြင်းပြီး စိုစွတ်သော ရာသီဥတုဖြစ်သည်။ တစ်နှစ်ပတ်လုံးအပူချိန်မှာ ၂၄ မှ ၃၄ ဒီဂရီအကြားရှိပြီး နေရောင်များသောကြောင့် မုန်တိုင်းထန်ခြင်းမရှိပါ။ ကျွန်ုပ်တို့၏ကျွန်းသည် Red Tree များ ရှင်သန်ကြီးထွားပြီး ရေအရည်သွေးကောင်းမွန်သော မြစ်ဝကျွန်းပေါ်ဒေသတွင်တည်ရှိသည်။ ကျွန်းပတ်ပတ်လည်တွင် စက်ရုံမရှိသောကြောင့် လေထုညစ်ညမ်းမှုကင်းစင်သည်။ ယေဘုယျအားဖြင့် မြိတ်သည် အလွန်ကောင်းမွန်သောသဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုရှိသောကြောင့် ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် အလွန်ကောင်းပါသည်။

တရုတ်နိုင်ငံ၏“ One Belt And One Road (OBOR)” နှင့်“ Interconnection” လမ်းညွှန်ချက်များအရကျွန်ုပ်တို့သည် တရုတ် – မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံတစ်ခုကို တည်ဆောက်ခဲ့သည်။ ကုမ္ပဏီနှင့်အဖွဲ့သည် မြန်မာနိုင်ငံတွင်ခြေကုပ်ယူထားပြီး မြန်မာအစိုးရ၊ ဒေသခံစီးပွားရေးလုပ်ငန်းများ၊ နိုင်ငံသားများနှင့်လူ့စွမ်းအားအရင်းအမြစ်များဖြင့် တည်ဆောက်ထားသည့် ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးများ ထူထောင်ခဲ့သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းဖြစ်သော ပြည်ဖြိုးထွန်းနိုင်ငံတကာကုမ္ပဏီလီမိတက် (“ PPT”) ၏ ပံ့ပိုးမှုနှင့်ထောက်ပံ့မှုအရ ကျွန်ုပ်တို့ကုမ္ပဏီသည် ဧက ၁၀၀၀ အကျယ်ရှိသည့် မြိတ်ကျွန်းစုရှိ မိုင်းကြီးကျွန်းမြေအား အမြဲတမ်းအသုံးပြုခွင့် ရရှိခဲ့သည်။

ကုမ္ပဏီအနေဖြင့် ပုစွန်ဖြူ (Penaeus Vannamei) သားဖောက်ရန်နှင့် ovigerous ပုစွန်မွေးမြူရေးလုပ်ငန်း၊ ပုစွန်သားဖောက်ခြင်း၊ အစာကျွေးစက်ရုံ၊ အအေးခန်း၊ ထုပ်ပိုးထုတ်လုပ်မှုလိုင်းနှင့် အအေးကွင်းဆက်ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် ပုစွန်ကန် ၃၀၀ ကို ဆောက်လုပ်ရန် စီစဉ်ထားသည်။

ကနဦးတွင် ကုမ္ပဏီအနေဖြင့် ပုစွန်မျိုးစေ့များကို ထိုင်းနိုင်ငံသို့ယူဆောင်လာမည်ဖြစ်ပြီး ၎င်း၏ရှေ့ပြေးနည်းပညာများကို လေ့လာသင်ယူခြင်း၊ အာမခံချက် စာချုပ်ချုပ်ဆိုခြင်း၊ အရင်းအမြစ်တွင် ရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှုန်းလျှော့ချခြင်းတို့ကို ပြုလုပ်မည်။ နောက်ပိုင်းတွင် ကုမ္ပဏီသည် ထိုင်းနှင့်တရုတ်နိုင်ငံတို့တွင် အဆင့်မြင့်နည်းပညာများကိုပေါင်းစပ်ပြီး ပုစွန်မျိုးစေ့များကို သုတေသနပြုလုပ်ရန်နှင့်ဖွံ့ဖြိုးတိုးတက်ရန် နေ့စဉ်အစာစီမံခန့်ခွဲမှုကိုတင်းကြပ်စွာထိန်းချုပ်ပြီး ကျွန်ုပ်တို့၏မွေးမြူရေးစံစနစ်ကို ခိုင်မာစွာတည်ဆောက်မည်။

ကျွန်ုပ်တို့၏မွေးမြူရေးအခြေစိုက်စခန်းသည် နှစ်စဉ်တန်ချိန် ၂၀၀၀၀ ခန့်ထွက်ရှိမည့် အရည်အသွေးမြင့်ပုစွန် သုံးမျိုးထုတ်လုပ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့၏ဖောက်သည်များအား ပုစွန်များကို ထိရောက်စွာ၊ လုံခြုံစွာနှင့် သန့်ရှင်းစွာသယ်ဆောင်နိုင်ရန် လေကြောင်းလိုင်းများနှင့်တိုက်ရိုက်ပျံသန်းရန်စာချုပ်ချုပ်ဆိုမည်။

ပုံမှန်အားဖြင့် တောင်အမေရိကအဖြူရောင်ပုစွန်ကို ခြေဖြူပုစွန် (သို့မဟုတ်) ပုစွန်ဖြူဟုခေါ်လေ့ရှိပြီး၊ Wan’s Penaeus ဟုလည်း ခေါ်သည်။ ၎င်းသည် Penaeus Chinensis၊ Penaeus merguiensis တို့နှင့်လည်း တူသည်။ ၎င်း၏ ပျမ်းမျှသက်တမ်းမှာ အနည်းဆုံး ၃၂ လကျော်ဖြစ်သည်။ Penaeus Vannamei ၏အရှည်သည် ၂၄ စင်တီမီတာအထိရှည်သည်။ ကိုယ်ထည်ဖွဲ့စည်းပုံမှာ အစင်းကြောင်းလုံးဝမပါပဲ ပါးလွှာသောအခွံရှိပြီး အရောင်မှာ မီးခိုးပြာရောင်ဖြစ်သည်။ ခြေထောက်မှာ မြေဖြူချောင်းများပုံစံနှင့်တူသည်။ ထို့ကြောင့် ခြေဖြူပုစွန်ဟုခေါ်သည်။ Arthropoda, Crustacean, Decapoda, Natantia, Penacidae, Penaeus, Litopenaeus ဟုခွဲခြားသတ်မှတ်နိုင်သည်။
Penaeus Vannamei သည် ပုဏ္ဏားပုစွန်မျိုးစိတ်(၃) ခုအနက် အထွက်နှုန်းအများဆုံးပုစွန်ဖြစ်သည်။
Penaeus သည် အပူပိုင်းပုစွန်အမျိုးအစားဖြစ်သည်။ The Penaeus vannamei သည်အာဟာရဓာတ်ပြည့်ဝစွာအရသာရှိပြီး အရသာအမျိုးမျိုးကိုချက်ပြုတ်နိုင်သည်။
လူသားများကျန်းမာရေးအတွက် အကျိုးရှိသည့် ပရိုတင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ အိုင်အိုဒင်း၊ အခြား trace elements နှင့်ဗီတာမင်အေတို့ များစွာပါဝင်သည်။ ဒါ့အပြင် လှပနုပျိုစေခြင်းနှင့် သွေးလည်ပတ်မှုကောင်းစေနိုင်သော အာဟာရများစွာပါရှိသည်။ ပုစွန်ဆိတ်တွင် Taurine ဓာတ်ပါဝင်ကာသွေးတွင်း ကိုလက်စထရောကိုကျစေပြီး ဇီဝဖြစ်စဉ်လက္ခဏာများကိုကာကွယ်ပေးသည်။
ပုဇွန်တွင်ပါရှိသော Trace Element Zinc သည် ကြီးထွားမှု ကစဉ့်ကလျားဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အရေပြာပေါ်တွင် အနာဖြစ်ခြင်း၊ Zinc ဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သော သုတ်ပိုးမူမမှန်ဖြစ်ခြင်းတို့ကို ကောင်းမွန်စေနိုင်ပါသည်။ ထို့ကြောင့် Penaeus Vannamei သည် ပြီးပြည့်စုံသောသဘာဝကျန်းမာရေးထုတ်ကုန်ဖြစ်ပါသည်။

မြိတ်ကျွန်းများသည်အရှေ့တောင်အာရှတွင် ပင်လယ်အစားအစာ အပေါကြွယ်ဝဆုံး ဒေသဖြစ်သည်။ နှစ်စဉ် ငါးရိုင်းဖမ်းဆီးမှုပမာဏသည် တန်ချိန် ၆၀၀,၀၀၀ အထိရောက်ရှိနိုင်ပြီး အခွံပျော့ဂဏန်းများ၊ ငါးရှဉ့်၊ ခရု၊ ပင်လယ်သခွားသီးနှင့် ကျောက်ပုစွန် စသည်တို့ပါဝင်သည်။ လက်ရှိတွင် မြိတ်ရှိပင်လယ်စာအားလုံးကို အရှေ့တောင်အာရှသို့ဖြန့်ဝေရန်အတွက် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ပို့ဆောင်ထားပြီးဖြစ်သည်။ မြိတ်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာအစိုးရသည် ကျွန်ုပ်တို့၏ကုမ္ပဏီနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့၏ကုမ္ပဏီမှ ရေထွက်ပစ္စည်းများကို မြိတ်တွင်ဝယ်ယူပြီး တရုတ်ဈေးကွက်သို့တင်ပို့ရန်အတွက် ကြီးမားသော ရေထွက်ပစ္စည်းကုန်သွယ်ရေးဆိပ်ကမ်းကို တည်ဆောက်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ကုမ္ပဏီသည် ရေထွက်ပစ္စည်းများကို တဖြည်းဖြည်းကြွယ်ဝပြည့်စုံစေပြီး တရုတ်လူမျိုးများအတွက် ပိုမိုကောင်းမွန်သောပင်လယ်စာများကို ထောက်ပံ့လိုသော ဆန္ဒကို အကောင်အထည်ဖော်မည်ဖြစ်သည်။

လိပ်စာ

အမှတ် (၂၉)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်

ဆက်သွယ်ရန်

၀၉၄၅၀၆၃၃၈၈၈၊ ၀၉၄၅၀၅၃၃၈၈၈

စီမံကိန်းပုံများ

အခြားသော စီမံကိန်းများ

Brilliance Mansion

အသေးစိတ်ကြည့်ရန်

ပုဇွန်မွေးမြူရေးလုပ်ငန်း

အသေးစိတ်ကြည့်ရန်

The Central Avenue

အသေးစိတ်ကြည့်ရန်