ဒီဂျစ်တယ်ဈေးကွက်ရှာဖွေရေးမန်နေဂျာသည် ဈေးကွက်ရှာဖွေခြင်းဆိုင်ရာဗဟုသုတနှင့် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်ကိုလူသိများရန်အတွက် ဈေးကွက်နည်းဗျူဟာနှင့် လုပ်ဆောင်မှုအစီအစဉ်များကို ကျွမ်းကျင်ပိုင်နိုင်ရမည်။
ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ချန်နယ်လ်များ /ပလက်ဖောင်းများပေါ်တွင် Online traffic ပိုမိုများပြားလာစေရန်၊ ကုမ္ပဏီ၏ ဒီဂျစ်တယ်ဈေးကွက်နည်းမဟာဗျူဟာများ၊ အစီအစဉ်များနှင့် ရည်မှန်းချက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဦးဆောင်နိုင်ရမည်။ (ဥပမာ – ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်နဲ့ Facebook Page များ)
ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်များဖြစ်တဲ့ Facebook Page များအတွက် စုံစမ်းမေးမြန်းသူများ များပြားလာစေရန် လိုအပ်သော အကြံဉာဏ်များနဲ့ နည်းလမ်းများကို တီထွင်ကြံဆပြီး တာဝန်ယူလုပ်ဆောင်နိုင်သူဖြစ်ရမည်။
အွန်လိုင်းချန်နယ်လ်အားလုံး၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာကာ လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်နိုင်သူဖြစ်ရမည်။
ဆက်သွယ်ရေး၊ ဈေးကွက်ရှာဖွေရေး၊ မီဒီယာ သို့မဟုတ် သတင်းအချက်အလက်နဲ့ နည်းပညာ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
အွန်လိုင်း သို့မဟုတ် Digital Marketing တွင် အနည်းဆုံး လုပ်သက်အတွေ့အကြုံ (၅) နှစ် ရှိသူဖြစ်ရမည်။ ဝက်ဘ်ဆိုက်နှင့်ပတ်သက်သော Analytical Skills နှင့် အမျိုးမျိုးသော Digital/Social Platforms တို့ကို တာဝန်ယူလုပ်ကိုင်ဖူးသူဖြစ်ရမည်။
HTML, Photoshop, Illustrator နှင့်အခြားသော Design Tools များကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
If your are interested in employment opportunities at Singapore Yao Hua Group, you are welcome to apply for one of our job vacancies. If there are no vacancies available you can still send us an open applications.
လိပ်စာ: | အမှတ် (၂၉)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန် |
ဖုန်းနံပါတ်: | ၀၉၄၅၀၆၃၃၈၈၈၊ ၀၉၄၅၀၅၃၃၈၈၈ |
အီးမေးလ်: | info@yaohuasg.com |
Copyright @ 2024 Yao Hua Company Limited