Brilliance Mansion

Brilliance Mansion သည် ရန်ကုန်မြို့၏ ပထမဆုံး အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်ပြီး စင်ကာပူ Yao Hua Group မှ ဆောက်လုပ်ကာ Myanmar Red Roof Group မှရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ Brilliance Mansion သည် အဆင့်မြင့်လူနေအိမ်ရာတစ်ခုဖြစ်ပြီး စီမံကိန်းအတွေ့အကြုံရှိသူများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများတွင် ကျွမ်းကျင်သူများက ဆောက်လုပ်ထားခြင်းဖြစ်သည်။ Brilliance Mansion သည် Yao Hua Company ရဲ့အပြောင်မြောက်ဆုံး လက်ရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ အလယ်အလတ်နှင့် အထက်တန်းလွှာလူတန်းစားများအတွက် အရည်အသွေးနှင့် ဝန်ဆောင်မှုတွင် အမြင့်ဆုံးသောစံနှုန်းများဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဟု အာမခံသည်။

ဆက်လက်ဖတ်ရှုရန်……

Yaohua Mansion သည် လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင်တည်ရှိသည်။ ၎င်းသည်နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကိုပေါင်းစပ်ထားသည့် မြို့နယ်ဖြစ်သည်။ Mansion ၏ မြောက်ဘက်တွင် Taw Win Center၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ အနောက်ဘက်တွင်ရှိသော အနောက်တိုင်းခရိုင်တရားရုံးနှင့် မြန်မာအင်ဂျင်နီယာကော်မရှင်၊ အရှေ့ဘက်တွင် UMFCCI နှင့်စီမံကိန်း၏ဘေးပတ်ဝန်းကျင်တွင် ရန်ကုန်အထူးကုဆေးရုံ၊ တရုတ်သံရုံး၊ ရုရှားသံရုံး၊ မလေးရှားသံရုံး၊ထိုင်းသံရုံးတို့နှင့်ကပ်လျှက်ရှိပြီး ရန်ကုန်မြို့၏ ရိုးရာအဆင့်မြင့်လူနေအိမ်များရှိသည် ။ တစ်ချိန်တည်းမှာပင် စီမံကိန်း၏ပတ်ဝန်းကျင်သည် သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်ရေးအဆင်ပြေမှု၊ ပညာရေးအရင်းအမြစ်များကြွယ်ဝခြင်း၊ အဓိကလမ်းမကြီးနှစ်ခုနှင့် မြို့အနှံအပြားသို့အဆင်ပြေစွာရောက်ရှိခြင်းတို့ဖြစ်သည်။ ကန်တော်ကြီးသို့ ပြည်လမ်းမကြီးမှတဆင့် ၁၅ မိနစ်ကားမောင်သွားခြင်းဖြင့် ရောက်နိုင်သည်။ ဒါတင်မကသေးပဲ အိမ်ရာမှ တရုတ်တန်းသို့ ၁၀ မိနစ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ၁၂ မိနစ်၊ ရွှေတိဂုံဘုရားသို့ ၁၂ မိနစ်နှင့် လေဆိပ်သို့ မိနစ် ၃၀ ဖြစ်သည်။ Mansion သည် စီးပွားရေးဗဟိုအချက်အချာဖြစ်သော တရုတ်တန်း၊ ဆူးလေစေတီတော်နှင့် နီးသည်။

Brilliance Mansion သည် ဧရိယာ ၅ ဧက ကျယ်ဝန်းပြီး စတုရန်းမီတာ ၁၀၀၀၀၀ ခန့် ကျယ်ဝန်းသည်။ ၎င်းတွင် ၁၁ လွှာမှ ၁၂ လွှာထိမြင့်သော အဆောက်အဦ ၇ ခု ပါဝင်သည်။ Mansion တွင် Green Area ကို ထိန်းသိမ်းရန်နှင့် အိမ်ပိုင်ရှင်များအတွက် တိတ်ဆိတ်ပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန်တို့အတွက် လူသွားလမ်းနှင့် ကားလမ်းကို သီးသန့်ခွဲခြားထားသည်။ သွားလာရေးလွယ်ကူ သက်သာစေရန်အတွက် အဆောက်အဦတိုင်းတွင် ဓာတ်လှေကားမှတဆင့် ကားပါးကင်ကို တိုက်ရိုက်သွားနိုင်ရန် ချိတ်ဆက်ပေးထားသည်။ Brilliance Mansion တွင် အဆောက်အဦများကို လူနေအိမ်ရာနှင့် စိမ်းလန်းစိုပြေသောပတ်ဝန်းကျင်ကို ခွဲခြားထားသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ လူနေမှုပတ်ဝန်းကျင်တစ်ခုကို အပြည့်အဝခံစားရမှာဖြစ်ပါသည်။ Mansion ၏ ဗိသုကာပုံစံမှာ အာရှစတိုင် ခေတ်မီဗိသုကာလက်ရာအတိုင်း ဆောက်လုပ်ထားခြင်းဖြစ်သည်။ အထပ်မြင့်အဆောက်အအုံငယ်များကို ကော်ဖီရောင်၊ အဝါနုရောင်နှင့် အနက်ရောင်များကို ကြားဖြတ်အရောင်များအဖြစ်သုံး၍ ဂုဏ်သိက္ခာရှိစွာ အလှဆင်ထားတာကို တွေ့ရမည်ဖြစ်သည်။

Mansion ကို 1/2/3/4 အိပ်ခန်းထုတ်ကုန်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အခန်း၏အတွင်းဘက်အကျယ်အဝန်းမှာ 38 ~ 134 ㎡ ဖြစ်သည်။ အဓိကအားဖြင့် အိပ်ခန်း ၂ ခန်း၊ ၃ ခန်း စသည်ဖြင့်ပါဝင်သည်။ တစ်ချိန်တည်းမှာပဲ အခန်းတွင်းကို သက်တောင့်သက်သာရှိပြီး လက်ရာမြောက်သောဒီဇိုင်းဖြင့် ဖွဲ့စည်းထားသည်ကို မြင်တွေ့ရမည်။ မူဝါဒပြောင်းလဲခြင်းနှင့်အိမ်ခြံမြေပြန်လည်ထူထောင်ခြင်းတို့ ဖြစ်တတ်သော ဈေးကွက်တွင် သင် ရင်းနှီးမြှုပ်နှံသည်ဖြစ်စေ၊ နေထိုင်သည်ဖြစ်စေ Mansion နှင့် သင် ထပ်ထူကျမည်ဟု ယုံကြည်ပါသည်။ Mansion ကို ရွေးချယ်ခြင်းက သင့်ကို ထိပ်ဆုံးရောက်ရှိစေမှာဖြစ်ပါသည်။

စာပြန်ချုံ့ရန်…….

စိတ်ဝင်စားဖွယ်ရာ အဓိကအချက်အလက်များ

အာရှစတိုင်လ် ခေတ်မီဗိသုကာလက်ရာ

အကျယ်အဝန်း စုစုပေါင်း စတုရန်းမီတာ ၁၀၀၀၀၀

(၁၁ ထပ် မှ ၁၂ ထိ) အထပ်မြင့်အဆောက်အအုံများ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၁၅ ကီလိုမီတာ

လိပ်စာ

အမှတ် (၂၉)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်

ရင်းနှီးမြှုပ်နှံသူ

Red roof investment Development Co., Ltd

ပြခန်း

Ground floor, Building R7, Brilliance Mansion

ဆက်သွယ်ရန်

၀၉၄၅၀၆၃၃၈၈၈၊ ၀၉၄၅၀၅၃၃၈၈၈

အီးမေးလ်

yaohuahr@yaohuasg.com

ပြခန်းပုံများ

720 Cloud View

Video

အခြားသော စီမံကိန်းများ

Brilliance Mansion

အသေးစိတ်ကြည့်ရန်

ပုဇွန်မွေးမြူရေးလုပ်ငန်း

အသေးစိတ်ကြည့်ရန်

The Central Avenue

အသေးစိတ်ကြည့်ရန်