မိတ်ဆက်

မစ္စတာဝမ်ချန်ဂျုံ (စီအီးအို)

မစ္စတာဝမ်သည် ဟန်မျိုးရိုးဖြစ်ပြီး ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလတွင် Guixi မြို့နယ်၊ Dianjiang စီရင်စု၊ Chongqingတွင် မွေးဖွားခဲ့သည် ။ ၁၉၉၂ ခုနှစ်မှစ၍ အိမ်ခြံမြေလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ သူဦးဆောင်သော အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုနှင့်ဆောက်လုပ်ရေးအဖွဲ့သည် Chonqing ရှိ ခရိုင်များစွာနှင့် တိုင်းဒေသကြီးများတွင် စီမံကိန်းများစွာကို တည်ဆောက်ခဲ့သည်။ စီမံကိန်း၏ အရည်အသွေးပြည့်မီနှုန်း ၁၀၀% ၊ ကောင်းမွန်နှုန်း ၉၀% နှင့်အထက်ဖြစ်ပြီး၊ Zero Accident ဖြစ်သည်။ ဆုတံဆိပ်များစွာကို ရရှိထားပြီး၊ စီမံကိန်းများသည် ဒေသခံများအတွက် စံပြနမူနာဖြစ်လာသည့်အပြင် Chongqing ရှိ လူနေအိမ်အဆင့်အတန်းနှင့် မြို့ပြဆောက်လုပ်ရေးများကိုပါ အထောက်အပံ့ဖြစ်စေခဲ့သည်။

လုပ်ငန်းတာဝန်

သမာဓိရှိမှု၊ ဆန်းသစ်တီထွင်မှု၊ လက်တွေ့ကျမှုနှင့် လိုအပ်ချက်များကို ပြန်လည်မွမ်းမံမှုတို့သည် ကျွန်ုပ်တို့ Yaohua Group ၏ အဓိကတန်ဖိုးဖြစ်သည်။ ဒါ့အပြင် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကြိုးပမ်းအားထုတ်မှုကို အဖွဲ့အစည်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ထားသည်။ ရိုးသားမှုကို အဖွဲ့အစည်း၏ ရေရှည်တည်တံ့ရေးအတွက် အခြေခံအနေဖြင့်ပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင်မှုကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားတစ်ရပ်အနေဖြင့်ပြုလုပ်ခြင်း၊ လုပ်ငန်းနှင့်ဝန်ထမ်းများ၏ တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ကျကျ မြှင့်တင်ပေးခြင်းတို့ပါဝင်သည်။

Yaohua Group ၏ အဓိကလုပ်ငန်းဆောင်တာမှာ မဆုတ်မနစ်သောစိတ်ထားနှင့် ရုန်းကန်ခြင်းဖြစ်သည်။ မည်သည့်အဖွဲ့အစည်းကိုမဆို တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ရည်မှန်းချက်များကို အောင်မြင်အောင်လုပ်ဆောင်ခြင်းဖြင့် အသိအမှတ်ပြုကြသည်။ ဤအရာက အဖွဲ့အစည်းပိုမိုကြီးထွားပြီး ခိုင်မာလာစေရန် စီမံခန့်ခွဲပေးနိုင်သည်။ ခွန်အား၊ မတူကွဲပြားမှု၊ လူ့အဖွဲ့အစည်းကိုပြန်လည်ပေးအပ်ခြင်းဖြင့် အောင်မြင်မှုတို့သည် အဖွဲ့အစည်း၏ အဓိကတာဝန်များဖြစ်သည်။

ရည်မှန်းချက်

Yaohua Group ၏ အန္တိမရည်မှန်းချက်မှာ ရှယ်ယာရှင်များ၊ ဝန်ထမ်းများ၊ လုပ်ငန်းအပ်နှံသူများနှင့်လူ့အဖွဲ့အစည်းများအတွက် အရည်အသွေးပြည့်ဝသော တန်ဖိုးရှိသော ဝန်ဆောင်မှုများပေးနိုင်ရန်ဖြစ်သည်။

ကုမ္ပဏီ၏အောင်မြင်မှုသည် ဝန်ထမ်းများ၏အောင်မြင်မှုမှ ရရှိလာတာဖြစ်ပြီး၊ ဝန်ထမ်းများ၏အောင်မြင်မှုသည် လုပ်ငန်းအပ်နှံသူများ၏ အောင်မြင်မှုမှရရှိလာတာဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းအပ်နှံသူများ၏ အောင်မြင်မှုသည် လူ့အဖွဲ့အစည်း၏ အောင်မြင်မှုဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် နိုင်ငံတကာဈေးကွက်ကို အဆက်မပြတ်စောင့်ကြည့်နေမှာဖြစ်ပြီး သန်းနှင့်ချီသော လုပ်ငန်းအပ်နှံသူများ၏ ယုံကြည်မှုကို ရရှိအောင်ကြိုးစားကာ လူ့အဖွဲ့အစည်း၏ ဂုဏ်ကျက်သရေနှင့် တန်ဖိုးကိုဖန်တီးရန် အတူလက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်။

[timeline-express]

ကျွန်ုပ်တို့အဖွဲ့အစည်း

ကုမ္ပဏီ၏ လက်ရှိအောင်မြင်မှုများအပေါ်သာ မှီခိုအားထားခြင်းမပြုလုပ်ပဲ ကုမ္ပဏီ၏ အဓိကထားသောတန်ဖိုးနှင့် စီမံခန့်ခွဲမှုစနစ်ကိုမှီဝဲပြီး အလုပ်အကိုင်အခွင့်အလမ်းများကိုချဲ့ထွင်ခြင်း၊ တိုးချဲ့ခြင်း ကုမ္ပဏီ၏စွမ်းအားကိုခိုင်မာအားကောင်းစေခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လူ့အဖွဲ့အစည်းအတွက် ပိုမိုတန်ဖိုးရှိစေရန်ဖန်တီးပြီး ကုမ္ပဏီ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိ၏ရည်မှန်းချက်ပါပေါင်းစပ်ပြီးလုပ်ဆောင်ကြရန်ဖြစ်သည် ။